မယ်စဲ့ အောက်တိုဘာ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခရီးသွားရာဇဝင်များ မေးမြန်း၍ မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများကို နေ့/ည အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်က နမ့်မန်း စစ်ဆေးရေးဂိတ်နှင့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ် နှစ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ပူးပေါင်းအဖွဲ့ အတွက် ထောက်ပံ့ငွေများ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင် များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး နေ့စဉ် စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်နေသည့် မယ်ဆည်နမ် စစ်ဆေးရေးဂိတ်နှင့် နမ့်မန်းစစ်ဆေးရေးဂိတ် တို့တွင် တာဝန်ကျနေသော ပူးပေါင်းအဖွဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဂိတ်လျှင် အောက်တိုဘာ တစ်လစာ ကျပ် ၅၄၂၅၀၀ ကို သွားရောက်ထောက်ပံ့ခဲ့ရာ တာဝန်ကျ ဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။
ဝတ်ရည်(ပြန်/ဆက်)