ကယားပြည်နယ်

ရွာသစ်မြို့၌ အသွားအလာ ကန့်သတ်ကာလ (၁၄) ရက် ပြည့်သူတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် နေအိမ် ပြန်ခွင့်ပြု

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ မင်္ဂလာရွှေကျောင်းတော် ကျောင်းဝင်း အတွင်း၌ Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုကာလ (၁၄) ရက် ပြည့်သူတစ်ဦးကို

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာ သွားလာနေသော ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ လူသွားလူလာများသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်း နှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ရွာသစ်မြို့ ဓာတ်တော်စေတီအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဖြည့်စွက် ရန်ပုံငွေ(၅၆.၁၉၈) သန်းဖြင့် ဆောင်ရွက်သော ရွာသစ်မြို့ ဓာတ်တော်စေတီ အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို မတ်လ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့် လုပ်သားများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ကယားပြည်နယ်ရှိ ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျ ကြီးကြပ်ရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့် လုပ်သားများအား ဆန်နှင့်ဆီများကို နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသော ပြည်သူများအား အသိပညာပေးလုပ်ငန်းများဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသောပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ နံနက် (၈) နာရီအချိန်၌ လူသွားလူလာ များသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံ(မင်္ဂလာဓမ္မာရုံရှေ့)တွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က မြို့နယ်စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကျေးရွာ ၇ ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ ၃ ရွာရွေးချယ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာ ၇ ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ ၃ ရွာ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်ထိနောက်ဆုံးအကြိမ်

မယ်စဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ချေ လျှော့ချရေးနေ့လှုပ်ရှားမှုအဖြစ် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများကို ယနေ့ နံနက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့တွင် ရောင်းချနေသော ကုန်စုံဆိုင်များ၌ ရက်လွန်စားသောက်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ရောင်းချနေသော ကုန်စုံဆိုင်များ၌ ရက်လွန်စားသောက်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်