ဒီးမော့ဆိုမြို့၌ ပက်ရက်ကူ - လဲဆိုဒေး ကျေးရွာချင်းဆက်လမ်းနှင့် ကွန်ကရစ်တံတား ဆောင်ရွက်လျက်ရှိ

လွိုင်ကော် ဒီဇင်ဘာ ၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနသည် နယ်စပ် ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေ ကျပ် ၁၉၂ ဒဿမ ၈၄၄ သန်းဖြင့် ပန်ပက်ကျေးရွာအုပ်စု၊ ပက်ရက်ကူ - လဲဆိုဒေး ကျေးရွာချင်းဆက်လမ်း (/)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် ၂၀၁၉ခုနှစ် ဇွန်လိုင်လ ၁၂ရက် ရက်နေ့တွင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ ကယားပြည်နယ် ခရီးစဉ်၌ လမ်းညွှန်မှာကြားချက်အရ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒေသခံ ပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ၎င်းကျေးရွာချင်းဆက် လမ်းတွင်  (၁၀)ပေကွန်ကရစ်တံတား ()စင်းနှင့် Pipe Culvert ()စင်း ပါရှိပြီး လုပ်ငန်း ဆောင်ရွက်နေမှုများအား ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူများက အနီးကပ်ကွပ်ကဲ၍ လိုအပ်သည်များလမ်းညွှန်မှုပေးလျက်ရှိကြောင်းသိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)