ရွာသစ် နို၀င်ဘာ ၃၀
ကယားပြည်နယ်၊ ရွာသစ်မြို့ မြို့အ၀င်/အထွက်ဂိတ် စုပေါင်း စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကို နေ့စဉ် အရှိန်အဟုန်မပြတ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများ လမ်းသွားလမ်းလာများအား ပါးစပ် နှာခေါင်းစည်း ၀တ်ဆင်ရန် အသိပညာ ပေးခြင်း၊ ရပ်ဝေးမှ ၀င်လာသည့် ခရီးသွားများအား အပူချိန်တိုင်းပေးခြင်း၊ ခရီးသွား ထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်း၊ ခရီးသွား မှတ်တမ်းရယူ ခြင်းနှင့် ကုန်တင်ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေး ထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်းများ ဆောင်ရွက်သည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာ များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့်၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)