ဘောလခဲတွင် Quarantine အသွားအလာကန့်သတ်ထားရှိ၍ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်

ဘောလခဲ ဒီဇင်ဘာ ၁

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ပြင်ပမှ လာရောက်သောသူများအား Quarantine Center အသီးသီးတွင် ထားရှိ၍ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုခံယူစေလျက်ရှိပါသည်။

ထိုသို့ထားရှိရာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း (န.တ.လ) တွင်(၂၃)ဦး၊ ဘောလခဲ အ−ထ−ကတွင်(၃၁)ဦး၊ ရှမ်းစုစည်းအ−မ−ကတွင်(၃၀)ဦးနှင့် မိုင်းထမ်းအ−လ−ကခွဲတွင်(၆၈)ဦးကိုအသီးသီးထားရှိပြီး ဘောလခဲတစ်မြို့နယ်လုံးတွင် Quarantine Center ဝင်ရောက်သူ ကျား( ၁၀၇)ဦး၊ မ(၄၅)ဦးနှင့် စုစုပေါင်း(၁၅၂)ဦးရှိပြီး ၎င်းတို့ကို ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုခံယူစေလျက်ရှိပါသည်။

ထိုဝင်ရောက်လာသူများသည် သင်တန်းဆင်းလာသူများ၊ တာဝန်အရ သွားလာသူများနှင့် မြို့နယ်တွင်း တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် သာစည်၊ မကွေး၊ အောင်လံမြို့နယ်များမှ လာရောက်သူများဖြစ်ကြကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်