ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက် ရာတွင် စံပြသင်တန်းသားဆု ရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်

လွိုင်ကော် ဒီဇင်ဘာ ၂

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၂ ရက်နေ့ ၊ နံနက် ၉ နာရီအချိန်က ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက်ရာတွင် စံပြသင်တန်းသားဆု ရရှိသူအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခြင်းများ ဆောင်ရွက်သည်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကယားပြည်နယ်မှ  ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ၌ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက်ရာမှ စံပြသင်တန်းသားဆုနှင့် ဘာသာစုံ ဂုဏ်ထူးဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်လျက်ရှိရာ စံပြသင်တန်းသားဆုအား တစ်ဉီးလျှင် ကျပ်(၂)သိန်းဖြင့် (၇ ) ဦး ကိုလည်းကောင်း၊ ဘာသာစုံဂုဏ်ထူးဆုအား တစ်ဦးလျှင်ကျပ်(၁) သိန်းဖြင့် (၁) ဦးကို လည်းကောင်း ပေးအပ်ခဲ့ပြီးကြောင်း၊ ယခုစံပြသင်တန်းသားဆုရရှိခဲ့သော လွိုင်ကော်ခရိုင် မီးသတ်စခန်းမှ လက်ထောက် မီးသတ်စခန်းမှူး ဒေါ်ခိုင်ဇင်ဝေ ကိုလည်း ဂုဏ်ပြုချီးမြှင့် ပေးအပ်ရခြင်းဖြစ်ကြောင်း ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကို က အဖွင့်အမှာစကား တွင်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်မှ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ဖွင့်လှစ်ခဲ့သည့် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်(၉၄) တွင် စံပြသင်တန်းသားဆုရရှိသူ လွိုင်ကော်ခရိုင် မီးသတ်စခန်းမှ လက်ထောက် မီးသတ်စခန်းမှူး ဒေါ်ခိုင်ဇင်ဝေအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့  ဂုဏ်ပြုဆုရရှိသူ မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

အောင်ထွန်းလေး(ပြန်/ဆက်)