လွိုင်ကော် ဇန်နဝါရီ ၂၂
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ် ၊ ကာကွယ် ၊ တားဆီးရေး လုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင် ၊ အလှူရှင် များနှင့် အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကိုလည်း ပြည်နယ်အတွင်းလိုအပ်သည့်နေရာများသို့ အချိန်မီဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဝယ်ယူရန်အတွက် ရွှေကန္ဒရဝတီ ပညာရေး ဖောင်ဒေးရှင်း ၊ တာဝန်ရှိသူများက အလှူငွေကျပ်သိန်း (၁၀၀) ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ ပြည်နယ် ခေတ္တဝန်ကြီးချုပ်ရုံးခန်း၌ လာရောက် လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်ဦးဘော့စ်ကို နှင့် ကယားပြည်နယ် အစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ဦးအံ့မော်တို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)