ကယားပြည်နယ်ရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံအား ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်နှင့် ဝတ္တရားလွှဲပြောင်း
ကယားပြည်နယ်ရှိ နိုင်ငံပိုင်သီရိရုပ်ရှင်ရုံနှင့် ပတ်သက်၍ ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်း များကို ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်နှင့်ဝတ္တရား လွှဲပြောင်းသည့််စာချုပ် (Deed of Assignment) ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။