မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အိမ်တိုင်ရာရောက် အခမဲ့ ဖြန့်ဝေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍ လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့နံနက်က ဟိုစဲ့ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။