လွိုင်ကော် ဩဂုတ် ၃
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများအား ရောဂါကာကွယ်ရေး ၊ ရောဂါ မပြန့်ပွား စေရေးများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ ဝန်ထမ်းများအား အသိပညာပေးသင်တန်း အပတ်စဉ်(၁) နှင့်(၂) တို့ကို ကျန်းမာရေးဦးစီးဌာန နှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁ ရက်နေ့ မှ ၂ ရက်နေ့တို့တွင် စေတနာ့ ဝန်ထမ်း(၁၁၆) ဦးတို့အား Online ဖြင့် သက်ဆိုင်ဘာသာရပ်များအလိုက် ပို့ချပေးခဲ့သည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင် မည့်သူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် အသွားအလာကန့်သတ်ထားရှိမှုကို သိရှိနားလည်သဘောပေါက်စေရန် ၊ အသွားအလာကန့်သတ်ထားရှိသူများ ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တာဝန်ရှိသူများ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန် ဦးတည်အုပ်စုများ အလိုက် ဝန်ဆောင်မှုပေးနိုင်ရန် ရောဂါဖြစ်ပွားသူများအား စောစီးစွာ ရှာဖွေဖော်ထုတ်၍ ကုသမှုပေးနိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)