မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်နေသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်နေ သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲပိုင်းက ဘောလခဲခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်နှင့် အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့သည်။