ကယားပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ကုသပေးမှုအခြေအနေ

လွိုင်ကော်     ဩဂုတ် ၃

ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဆေးရုံများ၌  ၁-၈-၂၀၂၁ ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများနှင့် ၎င်းတို့နှင့်ထိတွေ့ ဆက်ဆပ်သူ(၅၆) ဦးတို့အား    Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၂၅) ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၂) ဦး ၊  လိုခါးလို အထက Positive Medical Centre တွင် (၂၃) ဦး ထားရှိကုသပေးလျက်ရှိသည်။

ယနေ့အထိ ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၅) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၆၂၀) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၂၆၄)ဦး၊ သေဆုံးလူနာ စုစုပေါင်း (၂၃) ဦးရှိကြောင်းနှင့် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၇၅) ဦး၊ ဖရူဆိုမြို့နယ် ဆေးရုံတွင် (၁) ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၂) ဦး၊ ဖားဆောင်းမြို့နယ် ဆေးရုံတွင် (၁၀၇) ဦး၊ သူနာပြုသင်တန်းကျောင်း Positive Quarantine Centre တွင် (၁၃၀) ဦး ၊ ပြည်နယ်ရဲရိပ်သာ Quarantine Centre တွင် (၁၈) ဦး ၊ စုစုပေါင်း (၃၃၃) ဦးကုသ ပေးလျက် ရှိကြောင်းကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)