ဖားဆောင်းမြို့နယ်တွင် “ပန်းခင်းစီမံချက်’’ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က တောင်ပေါ်ကျေးရွာ ခန်းမဆောင်၌ ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။