မယ်စဲ့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်တွင် အဆိုပါရုံး၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။