မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ပြီဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နေအိမ်၌ ကောက်ယူခဲ့ကြသည်။