ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံဧက (၂) သိန်းကျော် စိုက်ပျိုးပြီးစီးနိုင်ခဲ့

မြစ်ကြီးနား မေ ၇

၂၀၂၄-၂၀၂၅ ခုနှစ် ကချင်ပြည်နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီး နှံ၊ ပဲ၊ ပြောင်းနှင့် စားဖိုဆောင်သုံးသီးနှံစသည့် ဆောင်သီးနှံစိုက်ဧက စုစုပေါင်း (၂)သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညှင်း၊ ပန်းနှမ်းနှင့် ပဲပုပ် (၁၀၆၄၂၅) ဧက၊ မတ်ပဲ၊ ကုလားပဲ၊ စားတော်ပဲ၊ မြေထောက်ပဲ၊ ပဲလွမ်း၊ ပဲတီးစိမ်း၊ ပဲနောက်နှင့် အခြားပဲ (၄၀၀၄၈) ဧက၊ အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂၃၈၇၁)ဧကနှင့် ငရုတ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်ဟင်းသီးဟင်းရွက်အမျိုးမျိုး (၄၉၁၆၇) ဧက စသည့် ဆီထွက်သီးနှံ၊ ပဲအမျိုး၊ ပြောင်းနှင့် စားဖိုးဆောင်သုံးသီးနှံအမျိုးမျိုး စိုက်ဧက စုစုပေါင်း(၂၁၉၅၁၁) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)