မြစ်ကြီးနား မေ ၇
ကချင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး စိုက်ဧက စုစုပေါင်း (၅၀၉၇၂၂)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ပြည်နယ်အတွင်း လျာထားစိုက်ပျိုးမှုထက် ကျော်လွန်စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားပြီး စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံများနှင့်ပူးပေါင်း၍ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စံပြအကွက်များ စိုက်ပျိုးပြသခြင်းနှင့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများအား ရပ်ကွက်ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ်(ယခင်နှစ်) မိုးစပါးစိုက်ပျိုးရာသီတွင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် မိုးစပါးစိုက်ဧက စုစုပေါင်း (၄၇၄၄၇၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၄၇၃၈၃၃) ဧက ရိတ်သိမ်းနိုင်ခဲ့ရာ စပါးအထွက်တင်းပေါင်း (၃၃၅၂၁၈၃၂) တင်းထွက်ရှိခဲ့ကြောင်း ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)