ပူတာအိုခရိုင်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပူတာအို  ဇွန်   ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိနားလည်ပြီး ရှောင်ရှားနိုင် စေရန်နှင့်စာဖတ်စွမ်းရည်မြင့်မားလာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇွန်(၁၃) ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းနှင့် မူး ယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများကို အသိပညာပေးဟောပြောပြီး ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကိုရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် အလက(မြို့မ)ကျောင်းမှ ကျောင်းသားကျောင်း သူစုစုပေါင်း(၁၀)ဦးတို့က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ပျော်ရွင်ရေးနှင့်ကျန်းမာမှု ဆောင်းပါဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင် နှင့်အမှတ်ပေးဒိုင် ဆရာများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအနေဖြင့် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်၊ အေးချမ်းသာယာပြည်မြန်မာ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာ ခဲ့ကြကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)