မြစ်ကြီးနားမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား ဇွန် ၁၂

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့်အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းဦး၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် သွေးမျိုးစုံ ဖောက်ထုတ်လှူဒါန်းပေးနေကြသော ပြည်နယ်/ ခရိုင်/ မြို့နယ်/ မြို့ရုံးများမှ ဝန်ထမ်း (၅၀) ဦးကျော်အား  ကြက်ဥ၊ နွားနို့၊ အာဟာရမုန့်နှင့် အားဖြည့်အချိုရည်များ လိုက်လံဝေဌပေးအပ် ခဲ့ကြပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အလားတူ မိုးညှင်း၊ မိုးကောင်းမြို့များတွင်လည်း ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)