ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒုတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာဒါန ဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား ဇွန် ၁၁

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် မဟာသမယအခါတော်နေ့ အခမ်းအနားနှင့် သံဃာဒါနဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်အတွင်းရှိ အနန္တသုခ(ရွှေတိဂုံပုံတူ) ဓာတုစေတီတော်၌ ယမန်နေ့နံနက် ၇ နာရီခွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မဟာသမယအခါတော်နေ့ အခမ်းအနားကို စေတီတော်ပုရဝဏ်၌ ကျင်းပပြုလုပ်ရာ ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ အမှူးပြုသော ဆရာတော်/သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝတ်အသင်းအဖွဲ့များက ဆရာတော်/သံဃာတော် များထံ ငါးပါးသီးလခံယူဆောက်တည်ကြသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက မဟာသမယအခါတော်နေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး သံဃာတော်များ ဦးဆောင်၍ မဟာသမယသုတ်ပါဠိတော်များကို ရွတ်ဖတ်ပွားများ ပူဇော်ခဲ့ကြကာ ဝတ်အသင်းအဖွဲ့များက စေတီတော် အရပ်(၄) မျက်နှာမှ မဟာသမယသုတ်ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်းနှင့် အရပ် (၁၀) မျက်နှာ မေတ္တာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက သတ်မှတ်နေရာအသီးသီးမှ ဘုရားအမှူးပြုသော ဆရာတော်/ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင် ဆရာကြီး/ဆရာလေးများအား ဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သော AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဆင်းပွဲနှင့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုအားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ် လက်ရွေးစင်ဂျူဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဆင်းပွဲတွင်  ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်အားကစားနည်းသည် ကမ္ဘာ့အဆင့်မီ အားကစားပညာရပ်ဖြစ်ပြီး ယခု (၆)ရက်တိတိသင်ကြားပေးခဲ့သည့် နည်းစနစ်၊ နည်းဗျူဟာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလေ့ ကျင့်မှုများသည် လူငယ်အားကစားသမားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် နည်းပြဆရာ ကောင်းများအဖြစ် ပြည်နယ်အတွက် အောင်မြင်မှုများကို ပိုင်ဆိုင်ကြရန် ကြိုးစားအားထုတ်ကြစေ လိုကြောင်း တိုက်တွန်းမှာကြားကာ သင်တန်းနည်းပြအဖြစ် သင်ကြားပေးခဲ့ကြသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ နည်းပြဆရာများအား အမှတ်တရ လက်ဆောင်များကိုလည်းကောင်း၊ သင်တန်း သားများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုအားကစားပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ဂျူဒိုအသင်းအနေဖြင့် ပြည်နယ်အတွက် တံခွန်စိုက်ဆု (၈)ခုနှင့် ရွှေတံဆိပ်အများဆုံး ဆွတ်ခူးပေးနိုင်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုအားကစားနည်းတွင် အဆင့်(၁)နေရာက ရပ် တည်နေသည့် အားကစားနည်ဖြစ်သောကြောင့် ယခုပြိုင်ပွဲတွင်လည်း ဂျူဒိုအသင်း၏ အောင်မြင်မှု များနှင့်အတူ ပြည်နယ်ဂုဏ်ဆောင် ရွှေလက်ပိုင်ရှင်များအနေဖြင့် ဂုဏ်ယူစွာ ကြိုဆိုနေမည်ဖြစ်ပါ ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသများထံ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ပြည်နယ်ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌ၊ ဦးကျော်သူရက ချီးမြှင့်ငွေကျပ်သိန်း ၂၀ နှင့် အလှူရှင်များက ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းကို လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြရာ ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်း နည်းပြက ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌက လက်ရွေးစင်အသင်းကိုယ်စား အောင်နိုင်ရေးအတွက် ကတိပြုစကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)