ကချင်ပြည်နယ်သယံဇာတ‌ရေးရာဝန်ကြီး စက်သုံးဆီတင်ယာဉ် ကိုင်တွယ်ထိန်းသိမ်းနည်းအခြေခံသင်တန်း (၁/၂၀၂၅) ဆင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား ဇွန် ၁၂

စက်သုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ဘောက်ဆာဆီတင်ယာဉ်မောင်းများ ဘေးအန္တ ရာယ်ကင်းရှင်း‌စေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် မတော် တဆဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များကို စနစ်တကျ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သော စက်သုံးဆီတင်ယာဉ်ကိုင်တွယ် ထိန်းသိမ်းနည်း အခြေခံသင်တန်း (၁/၂၀၂၅) ဆင်းပွဲကို မြစ်ကြီးနားမြို့ရှိ ရေနံနှင့်ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သံယဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့ သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အန္တရာယ်များလှသော စက်သုံးဆီများကို သယ်ဆောင်သည့် အချိန်များတွင် ယာဉ်ကိုမဆင်မခြင်မောင်းနှင်မှုများ၊ ဆီဘောက်ဆာများကို ကိုင်တွယ်ထိန်းသိမ်း ရာတွင် လိုက်နာဆောင်ရွက်မှုအားနည်းခြင်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက် နာမှုူအားနည်းခြင်းများကြောင့် မတော်တဆ (Accident) တွေ အဖြစ်များလာကြပါကြောင်း၊ သို့ဖြစ်ပါ၍ မတော်တဆမှုများ ထပ်မံမဖြစ်စေဖို့အတွက် စက်သုံးဆီတင်ယာဉ်ကိုင်တွယ်ထိန်းသိမ်း ခြင်းသင်တန်းကို မဖြစ်မနေတက်ထားသင့်ကြောင်း တိုက်တွန်းမှာကြားသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးက စက်သုံးဆီတင်ယာဉ်ကိုင်တွယ် ထိန်းသိမ်းနည်းအခြေခံ သင်တန်း (၁/၂၀၂၅) တက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၅) ဦးတို့အား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ စက်သုံးဆီတင် ဘောက်ဆာယာဉ်များ မီးလောင်းမှု ဖြစ်ပွားနိုင်သောကြောင့် မီးဘေးအန္တရာယ်ကာကွယ်ခြင်းနည်းလမ်းများအနက် မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့မှုကို ကြည့်ရှုခဲ့ကြပြီး ဆီတင်ယာဉ်ကိုင်တွယ် ထိန်းသိမ်းနည်းနှင့်ပတ်သက်၍ သတိပြုလိုက်နာရမည့်အချက်များကို ရှင်းလင်းတင်ပြခဲ့သည်။   

ခရိုင် (ပြန်/ဆက်)