ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာကြသည့် ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့များအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အား နေပြည်တော်၌ ဒီဇင်ဘာ ၉ ရက် မှစတင်၍ ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် အားကစားနည်း(၂၃)နည်းအနက် အားကစား(၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အားကစားနည်းများအနက် ပြိုင်ပွဲအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသော အားကစားအဖွဲ့များအား ယမန်နေ့ ညနေ ၇ နာရီက မြစ်ကြီးနားလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မချမ်းဘောမြို့နယ်တွင် အကတီ (ခေါ်) သဘာဝနှင်းမှိုဥများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့နယ်တွင် တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော ရဝမ်ဘာသာစကားဖြင့် အကတီ (ခေါ်) သဘာဝနှင်းမှိုဥများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရလျက်ရှိကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး၊ လယ်သီးထပ်ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် ထယ်ရေးထွန်ယက်မှုအား ကြည့်ရှုအားပေး

ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ယနေ့နံနက် ၅ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ အထူးတန်းပွဲကြည့်စဉ်ရှေ့စုရပ်မှ သတ်မှတ်လမ်းကြောင်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်စာကြည့်တိုက်ဖွင့်ပွဲနှင့် ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (KRSC) ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ကျောင်းသား/ ကျောင်းသူဟောင်းများက စုပေါင်း၍ ငွေကျပ်သိန်း (၇၀၀) ခန့် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းသော အလျား (၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၈)ပေရှိ ရာပြည့်စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပူတာအိုမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်လမ်းလျှောက်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့၏ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ (၁၄) ရက် နံနက်ပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာနရုံးရှေ့စုရပ်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ မများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းရှိ ဒူဝါခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေး‌ဟောပြောပွဲကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေး‌နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များအတွင်း ဆီထွက်သီးနှံအပါအဝင် ဆောင်းသီးထပ်သီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပင်းဘောတိုက်နယ်ကျေးရွာများနှင့် နမ္မတီးဒေသ မြတောင်ကွင်းများအတွင်းရှိ မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ဆီထွက်သီးနှံအပါ အဝင် ဆောင်းသီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍတိုးတက်မြင့်မား ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခွဲက မိုးကောင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုခရိုင်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ပူတာအိုမြို့၌ (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် ဆုတောင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၅)နှစ်မြောက် ရဝမ်အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် ဆုတောင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဂမ်အမျိုးသားဉယျာဉ် ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်