ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲပြီး မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒုတိယအပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

မချမ်းဘော့၌ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုး ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း ကျောင်း အဆင့်တိုးဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အထက ထရန်ဒမ်းကျောင်း၌ ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးအတွက် စာမေးပွဲဖြေဆိုမည့်‌ ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေးအတွက် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား ပြန်လည်သင်ကြား ပို့ချခြင်းကို အထက-နောင်ကိုင်တော်ကျောင်း၌ ယနေ့နံနက်(၉)နာရီတွင် ပြုလုပ်ကြောင်းသိရသည်။

မိုးညှင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာပြည်သူများနှင့် တွေ့ဆုံ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီက ခရိုင်/မြို့နယ်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၌ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်သူတစ်ထောင်ခန့် ပါဝင်ဆင်နွှဲ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ လမ်းညွှန်မှု၊ မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုဖြင့် (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခါကာဘိုရာဇီခန်းမနှင့် မနောကွင်း၌ ကျင်းပရာ ပြည်သူတစ်ထောင်ခန့် ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

နောင်မွန်းမြို့နယ်၌ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ကို ပထမဆုံးအကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် အမျိုးသားရေးစိတ်ဓါတ် မြင့်မာလာပြီး စည်းလုံးညီညွတ်မှုပို မိုခိုင်မာလာစေရန်နှင့် အမျိုးဘာသာသာသနာနှင့် စာပေယဉ်ကျေးမှုကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၃)နှစ်မြောက် ရဝမ်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ မြို့နယ်လုံးကျွတ် ပါဝင်စုပေါင်း ကာပထမအကြိမ်အဖြစ် စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက်သော ကျေးရွာများနေ ရေလုပ်သားတောင်သူများအတွက် မတည်ငွေများ လွှဲပြောင်းပေးအပ်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး (ငါးလုပ်ငန်းကဏ္ဍ) ဆောင်ရွက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာကော်မတီများထံ ငါးလုပ်ငန်းဦးစီးဌာနမှ မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မံစီမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ)၊ ဖုန်ကန်ဒူဝါ ခန်းမ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ဖားကန့်မြို့၌ သာသနာဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် (၂)ပါးအား ဂုဏဝိသိဌထုတိမင်္ဂလာ ဂုဏ်ပြုပူဇော်ပွဲနှင့် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟ စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သီရိမင်္ဂလာ မဏိဇေယျုံကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက သာသနာဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် (၂)ပါးအား ဂုဏဝိသိဋ္ဌထုတိမင်္ဂလာ ဂုဏ်ပြုပူဇော်ပွဲနှင့် (၂၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မနောပွဲတော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေး‌နွေး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့သည် (၇၅)နှစ် မြောက် စိန်ရတုပြည့်နှစ် ဖြစ်သည့်အတွက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား တွင် မနောပွဲတော်၊ ဒေသထုတ်ကုန်ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်