မိုးကောင်းမြို့၌ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးအတွက် စာမေးပွဲဖြေဆိုမည့်‌ ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားပို့ချ

မိုးကောင်း ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် အောင်ချက်မြင့်မားရေးအတွက် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား ပြန်လည်သင်ကြား ပို့ချခြင်းကို အထက-နောင်ကိုင်တော်ကျောင်း၌ ယနေ့နံနက်(၉)နာရီတွင် ပြုလုပ်ကြောင်းသိရသည်။

၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆို အောင်မြင်နိုင်ရေးနှင့် အောင်ချက်မြင့်မားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

ပြန်လည် သင်ကြားပို့ချခြင်းအခမ်းအနား၌ မိုးကောင်းမြို့နယ် ပညာရေးမှူး ဒေါ်နွယ်နွယ်က သင်ကြားပို့ချသည့် ဘာသာရပ်တိုင်းကို အာရုံစိုက်လေ့လာမှတ်သားပြီး ယခင်နှစ်ထက် အောင်ချက် မြင့်မားစေရန် ကြိုးစားစေလိုကြောင်း တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။

ပြည်နယ်အဆင့် ၂၀၂၂ ခုနှစ်ဒီဇင်ဘာ(၃)ရက်နှင့် (၄)ရက်တွင် တက္ကသိုလ်ဝင်အောင်ချက် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသော အထက်တန်းပြဆရာ/မ(၁၅)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာများ အလိုက် မြို့နယ်ကျောင်းပေါင်းစုံမှ တက္ကသိုလ်ဝင် ကျောင်းသား/သူများအား (၂)ရက်သာကာလ မြို့နယ်အဆင့် ပြန်လည်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)