ကချင်ပြည်နယ်

မံစီမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပညာပေးနှိုးဆော်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်း၍ အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးနိုးဆော်ခဲ့ကြသည်။

ဟိုပင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ(၁၁)ရက် မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှု/ လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းများ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီအချိန်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ မွန်းလွဲ ၁ နာရီအချိန်များတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက လူငယ်စကားဝိုင်းကျင်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

မိုးညှင်းမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုပြီးစီး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် (၆၉)ကြိမ်မြောက် အစိုးရ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ထီးလင်းကျောင်းတိုက်နှင့် သမိဒ္ဓေါဒယ ဓမ္မနာဒသီလရှင်ကျောင်း (ဟိုပင်)၌ ဒီဇင်ဘာ(၉)ရက်မှ (၁၁)ရက်ထိ သုံးရက်တိုင်တိုင် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် MSME ထုတ်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်‌ဆေး

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်‌ရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေသတွင်း MSME ထုတ်ကုန်ပြခန်းများဖြင့် ပြသနိုင်ရေးနှင့် တိုးမြှင့် ထုတ်လုပ်နိုင်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဒေသ ထုတ်ကုန်များ ပြခန်းများပြသနိုင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပပြုလုပ် သည်။

ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ချီဖွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာ(၅)ရက်‌နေ့မှ ဒီဇင်ဘာ(၈) ရက်နေ့အထိ ထွမ်းရှိန်ကျေးရွာ၊ နုဇုန်ဘောင်‌ကျေးရွာ၊ ဖီမော်ကျေးရွာ၊ ကန်းဖန့်ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့လူထုအခြေပြုဗဟိုဌာန (Community Center)၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီ အကြောင်းသိကောင်းစရာTalk show ပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီအကြောင်း သိကောင်းစရာTalk show ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့​ဆက်ဆံရေးဦးစီးဌာန လူထုအခြေ​ပြုဗဟိုဌာန(Community Center)၌ ပြုလုပ်သည်။

မိုးညှင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၆၀၀) ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၆၀၀) ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၉ က်နေ့ မွန်းလွဲ(၂)နာရီက လယ်မှီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်