မိုးကောင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာအသုံးချနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို အမှတ် (၅၅) စက်မှုလယ်ယာ စခန်း၌ ဇန်နဝါရီ (၁၆) ရက်နံနက် (၁၀) နာရီတွင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။