မိုးညှင်း ဇန်နဝါရီ ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲကျင်းပရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘာသာရပ် အသီးသီးမှ ကျောင်းသားကျောင်းသူများအား သင်ကြားရေးကိုသာမက လေ့ကျင့်ရေးကိုပါ ထူးချွထက်မြက်လာစေရန်၊ အားကစားကိုချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသောယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာဖြင့် ကစားနိုင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် များရွတ်ဆို၍ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ထိုပြိုင်ပွဲတွင် ဘာသာရပ်အသီးသီးမှ အမျိုးသားအသင်း စုစုပေါင်း (၈) သင်းပါဝင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ဇန်နဝါရီလ (၁၆) ရက်နေ့မှ (၁၈)ရက်နေ့ထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မိုးညှင်းတက္ကသိုလ်တွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအပြင် ဘာသာရပ်အသီးသီးမှ အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း