ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၂၀၂၂-၂၀၂၃ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်သို့ ကချင်ပြည်နယ်မှ သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။