(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ချီဖွေ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ယနေ့ နံနက်(၁၁)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချီဖွေမြို့နယ် ဦးစီးအရာရှိ ဦးဂွါဇာ‌လေးက ကျောင်းသား၊ ကျောင်းသူများ  ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်‌စေရန်၊ ကျောင်းသား၊ ကျောင်းသူ အချင်းချင်း စည်းစည်းလုံးလုံး ပေါင်းသင်းဆက်ဆံတတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများဖတ်ရှု၍ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ယင်းနောက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဘာလဲ့ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းနှင့် ဥက္ကပ်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က ပျော်ပျော်ပါးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ဦးဂွါဇာလေးနှင့် တာဝန်ရှိဆရာမတို့က ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မေခမွန်