တနိုင်းမြို့နယ်၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်

တနိုင်း ဇန်နဝါရီလ ၂၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း‌ရေးကို  ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲက တနိုင်းမြို့ ဆုတောင်းပြည့်စေတီတော်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုး​ဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဝန်ထမ်းများစုပေါင်းကာ ရေစီးရေလာ ကောင်း‌မွန်စေရေးအတွက်  အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် အပင်များရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို  စုပေါင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ပန်းအိ (ပြန်/ဆက်)