ဗန်းမော် ဇန်နဝါရီ ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သစ်ပင်၊သစ်တောများ၏အရေးပါပုံအသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေး Talk Show တွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစုမိုးက သစ်ပင်၊ သစ်တောများ၏အရေးပါပုံနှင့် ပတ်သက်၍ ကမ္ဘာမြေနှင့်ပတ်ဝန်းကျင် အပြန်အလှန်အမှီသဟဲပြုနေပုံများ၊ ကမ္ဘာကြီးရဲ့လက်ရှိအခြေအနေများ၊ လူသားများကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ပြဿနာများ၊ သစ်တောများကပတ်ဝန်းကျင် အပေါ်အကျိုးပြုပုံများ၊ သစ်တောရဲ့အရေးပါပုံများ၊ အဖိုးတန်တဲ့သစ်တောတွေ ပြုန်းတီးမှုများဆက်တိုက်ဖြစ်ပေါ်လာရခြင်း အကြောင်းများ၊ သစ်တောပြုန်းတီးမှုကြောင့် ပတ်ဝန်းကျင်းတွင် ဖြစ်ပေါ်သည့်ဆိုးကျိုးများအကြောင်း များ၊သစ်တောများပြုန်းတီးမှု ပြဿနာနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဦးမင်းဌေးက သစ်ပင်၊ သစ်တောများ၏အရေးပါပုံအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)