တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ၌ စာဖတ်ဝိုင်းကျင်းပ

တနိုင်း ဖေဖော်ဝါရီ     ၃

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ၌ ဖေဖော်ဝါရီ ၃ ရက် မွန်းတည့် ၁၂ နာရီခွဲက စာပေ အသိပညာတိုးပွာ​စေရန်နှင့် ဗဟုသုတရရှိနိုင်​စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာပေ၏အကျိုးကျေးဇူးများကို သိရှိပြီး အမှား/ အမှန်ကို ဝေဖန်ပိုင်ခြားတတ်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် သုတ၊ ရသ စာအုပ်များကို ဖတ်ရှုစေပြီး စာရေးဆရာတင့်ခိုင် ရေးသားသည့် "ပညာရေး စနစ်သစ်၏ လိုအပ်ချက်များ" ဆိုသည့် စာအုပ်ဖြင့်ဝိုင်းဝန်းဆွေးနွေးခဲ့သည်။

ပန်းအိ(ပြန်/ဆက်)