မိုးမောက် ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ် ဆေးဝါး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေး က အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခြင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာ ရေးမှူး ဦးစန်းနိုင်က မူးယစ်ဆေးဝါးအစ ဆေးလိပ်က အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်ပေါ်နိုင်သော ရောဂါ များအကြောင်းနှင့် ဆိုးကျိုး လက္ခဏာများအကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အ.မ.က-၃ မူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
လွန်းနန်းထွေး(ပြန်/ဆက်)