ဟိုပင်မြို့ အခြေခံပညာအထက်တန်းကျောင်း(စက်ကုန်း)၌ မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြပွဲ ဆောင်ရွက်

ဟိုပင် ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊   မိုးညှင်းခရိုင်၊    ဟိုပင်မြို့      အခြေခံပညာအထက်တန်းကျောင်း (စက်ကုန်း)တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ် သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဟိုပင်မြို့ နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးသိန်းကျော်က စာသင်ကျောင်းများတွင် ကြိုတင်ဆောင်ရွက်ထားရှိမည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးလောင်မှု အမျိုးအစားအလိုက် မီးငြှိမ်းသတ်ခြင်း နည်းစနစ်များကို ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခဲ့ပြီး လက်တွေ့ သရုပ်ပြသခြင်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကျောင်းသား/သူများအား မီးငြိမ်းစေရေးနည်းလမ်းများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများဖြင့် လက်တွေ့ အသုံးပြုပုံ ပြုနည်းများကို သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟိုပင်မြို့ နယ်မြေ၊မီးသတ်စခန်းမှ ဒုတိယဦးစီးမှူးသိန်းကျော် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၂၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်၊၊

လင်းသွယ်သွယ်ဦး