မချမ်းဘော့ ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ပြည်သူများယာဉ်အန္တရာယ် ကာကွယ်နိုင်ရန်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ ပိုမိုသိရှိပြီး လိုက်နာနိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက မလိခကြိုးတံတားထိပ်နှင့် ဂူဘားလမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဆောင်ရွက်ရာတွင် ယာဉ်မောင်းပြည်သူများအား မော်တော်ဆိုင်ကယ်စီနင်းတိုင်း ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြရန်၊ ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုးများစနစ်တကျ တပ်ဆင်ရန်၊ မော်တော်ကားမောင်းနှင်သူ ယာဉ်မောင်းနှင်သူများအနေဖြင့် ခါးပတ်ပတ်ပြီးမှသာ မောင်းနှင်ကြရန်၊ ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်ခြင်းမပြုကြရန်နှင့် ယာဉ်လိုင်စင်သက်တမ်း ကျော်လွန်ခြင်းများ မရှိစေရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မချမ်းဘော့မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူးဒုရဲမှူး
စိုးဝင်းအောင် ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)