မချမ်းဘော့မြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် နှစ်ဆုံး ကျောင်းတွင်းစစ်စာမေးပွဲများအေးချမ်းစွာဖြေဆို

မချမ်းဘော့ ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ခု နှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ၁၄ရက်နေ့မှစ၍ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

မချမ်းဘော့​မြို့နယ်၊ အခြေခံပညာကျောင်းများရှိ KGတန်း ကျောင်းသား၊ ကျောင်းသူ ၂၇၈ဦး၊ Grade -1 မှ ကျောင်းသား၊ ကျောင်းသူ ၃၈၀ ဦး၊ Grade-2 မှ ကျောင်းသား​၊ ကျောင်းသူ ၃၇၆ဦး၊ Grade -3 မှ ကျောင်းသား၊ ကျောင်းသူ ၂၇၄ ဦး၊  Grade -4 မှ ကျောင်းသား၊ ကျောင်းသူ ၂၅၃ဦး၊ Grade-6မှကျောင်းသားကျောင်း သူ ၇၂ ဦး၊  Grade-7မှကျောင်း သားကျောင်းသူ ၂၀၅ ဦး၊ Grade -8 ကျောင်းသား၊ ကျောင်းသူ ၁၁၆ဦး၊ Grade-10မှ​ ကျောင်း သားကျောင်းသူ ၁၁၉ဦး၊ Grade -11မှ ကျောင်းသား၊ ကျောင်းသူ ၈၀ဦးတို့သည် သက်ဆိုင်ရာကျောင်းများအလိုက် ဖေဖော်ဝါ ရီလ ၁၄ရက်နေ့မှစ၍ အေးချမ်းစွာဖြေဆိုလျက်ရှိပြီး ဖေဖော်ဝါရီလ ၂၁ရက်နေ့အထိ ဖြေဆိုသွားမည် ဖြစ်သည်။ ဆက်လက်၍  ပူတာအိုခရိုင် စစ်မေးခွန်းများဖြင့် Grade5 ကျောင်းသား၊ ကျောင်းသူ ၂၁၄ဦး၊ ပြည်နယ်စစ်မေးခွန်းများဖြင့် Grade -9 ကျောင်းသား၊ ကျောင်းသူ ၁၆၁ ဦးတို့က ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ဖြေဆို သွားမည်ဖြစ်ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု နှစ်ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း ၂၅ ကျောင်း၊ မူလွန်ကျောင်း ၂ ကျောင်း၊ အ.လ.ကကျောင်း ၄ ကျောင်း၊ အ.ထ.ကကျောင်း ၂ ကျောင်း၊ အ.ထ.က ခွဲ  ၁ ကျောင်း အခြေခံပညာကျောင်းစုစုပေါင်း ၃၄ ကျောင်းဖွင့်လှစ်ကာ ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)