ပူတာအိုခရိုင်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်

ပူတာအို ဖေဖော်ဝါရီ    ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများသိရှိစေရေး ပြသဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ဖေဖော်ဝါရီ (၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ပြသဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ဆောင်းပါးရှင် တက္ကသိုလ်မြတ် သူရေးသားသော “အံ့ဖွယ်မကုန် ပိတိရသ….ဖြင့်ဆင်နွဲခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အောင်ပွဲ” ဆောင်းပါး၊ ဆောင်းပါးရှင် မြင်းမူမောင်နိုင်မိုး ရေးသားသည့် “စည်းလုံးညီညွတ် အောင်ပန်းဆွတ်စို့” အထူးဂုဏ်ပြု ဆောင်းပါး၊ ဆောင်းပါးရှင် မိုးကေနိုင်ရေးသားသည့် “လွတ်လပ်ရေးနေ့ ဉပစာရင်ပြင်မြင်ကွင်းများနှင့်အတူ နှစ်ရာ ထောင်မက ကမ္ဘာတည်သရွေ့တည်နေမည့် မြန်မာ”ဆောင်းပါးတို့ကို အများပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ရန် ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)