မချမ်းဘော့မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ရုရှား-မြန်မာဆက်ဆံရေးအထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင် ပြသ

မချမ်းဘော့ ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ပြည်သူများ အသိပညာဗဟုသုတရရှိရန် ရည်ရွယ်၍ နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတု ရုရှား-မြန်မာ ဆက်ဆံရေးအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုဆောင်းပါးများ နံရံကပ်စာစောင်တို့ကို ယမန်နေ့ ညနေ၃နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်သည့်မှတ်တမ်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် ထိတွေ့ဆွေးနွေးခဲ့သည့် မှတ်တမ်းများ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍပေါင်းစုံတွင်ဆွေးနွေးခဲ့သည့်မှတ်တမ်းများ၊ အပြုသ​ဘောဆောင်သည် ဖွံဖြိုး ရေးဆိုင်ရာရလဒ်ကောင်းများရရှိ​စေ​ရေး ဆွေးနွေးမှုမှတ်တမ်းများနှင့် ၂၂-၁-၂၀၂၃ ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် တက္ကသိုလ်မြတ်သူ ရေးသားသော “အံသြဖွယ်မကုန် ပိတိရသဖြင့် ဆင်နွဲခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အောင်ပွဲ”ဆောင်းပါး၊ ၂၅-၁-၂၀၂၃ ရက် မြန်မာ့အလင်းသတင်းစာပါ ​ ဆောင်းပါးရှင် မြင်းမူ​ မောင်နိုင်မိုး၏ “စည်းလုံးညီညွတ်အောင်ပန်းဆွတ်ဖို့”ဆောင်းပါး၊ ၂၈-၁-၂၀၂၃ရက် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မိုးကေနိုင်ရေးသားသော “လွတ်လပ်ရေးနေ့ဥပစာရင်ပြင်မြင်ကွင်းများနှင့် အတူ နှစ်ရာထောင်မက ကမ္ဘာတည်သရွေ့ တည်နေမည့်” မြန်မာဆောင်းပါးများကို အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ပြသထားလျက်ရှိကြောင်း သိရသည်။   

ယောရွှေနီ(မချမ်းဘော့)