ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သက်ရှိအားလုံးအတွက် ဂေဟစနစ်အရေးပါပုံ အသိပညာပေး Talk Show ဆောင်ရွက်

ဗန်းမော် ဖေဖော်ဝါရီ ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သက်ရှိအားလုံးအတွက် ဂေဟစနစ်အရေးပါပုံ အသိပညာပေး  Talk Show ကို ယနေ့ နေ့လယ် ၂ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သက်ရှိအားလုံးအတွက် ဂေဟစနစ်အရေးပါပုံနှင့် သက်ဆိုင်သည့် ဂေဟစနစ်၏ အဓိပ္ပာယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ဂေဟစနစ်အမျိုးအစားများ၊ ဂေဟစနစ်အမျိုးအစား(၈)မျိုး၏ အဓိပ္ပာယ်များ၊ သက်ရှိများအတွက် ဂေဟစနစ်၏ အကျိုးကျေးဇူး ကြီးမားပုံများ၊ ဂေဟစနစ်ပျက်စီးရခြင်း အကြောင်းအရင်းများ၊ ဂေဟစနစ်ပျက်စီးခြင်းကို လျှော့ချနိုင်သည့် နည်းလမ်းများကို မေးမြန်ဆွေးနွေးခဲ့ရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဒေါ်ပိုးအိစံက သက်ရှိအားလုံးအတွက် ဂေဟစနစ်အရေးပါပုံနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး  ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို မဖြစ်မနေထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် အား ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေနိုင်သည့် နည်းလမ်းများကို ရွေးချယ်ခြင်းဖြင့် ဂေဟစနစ်များ ရေရှည်တည်တံ့ စေရန်အတွက် ပြည်သူလူထု များမှ ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)