ချီဖွေမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃၀) ဦး ဝင်ရောက်ဖြေဆိုမည်

ချီဖွေ ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူ (၃၀) ဦး ဝင်ရောက်ဖြေဆိုသွားမည့် ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအဖြစ် အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ) ကျောင်းတွင် အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)မှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ (၁၀) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (နိုဇွန်ဘော်)မှ ဝင်ရောက်ဖြေဆိုသူ (၁၁)ဦးနှင့် ပြင်ပဖြေဆိုသူ (၉)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၀)ဦးတို့က ဝင်ရောက်ဖြေဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)