ကချင်ပြည်နယ်

ဆဒုံးမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ယနေ့ နံနက် (၁၀) နာရီအချိန်က ဆဒုံးမြို့၊ လူစည်ကားရာနေရာများတွင် လမ်းသွားလမ်းလာ ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။

ချီဖွေမြို့တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် တောင်တန်းသာသနာပြုကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုးညှင်းမြို့၌ မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကူမြို့နယ်၌ ပေါင်းနက်ချောင်း ချောင်းကူးတံတား ဖွင့်ပွဲကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပူခိုင်ကျေးရွာ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရ ရန်ပုံငွေအသုံးစရိတ်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပေါင်းနက်ချောင်း ချောင်းကူးတံတားဖွင့်ပွဲကို မတ်လ ၂၄ နံနက် ၈ နာရီခန့်က အဆိုပါတံတားပေါ်၌ ကျင်းပကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ပိုးသတ်ဆေးဖျန်းခြင်း ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်း ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို မတ် ၂၀ ရက်မှစတင်၍ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးမောက်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က နယ်မြေခံတပ်ရင်းများနှင့် ဌာနဆိုင်ရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။

ကချင်ပြည်နယ်၊ ချီဖွေခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်မည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကိုကိုအောင်၊ ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ)နှင့် ခရိုင်တာဝန်ခံ အင်ဂျင်နီယာ ဦးမုန်းရှငွေ၊ ဦးစီးအရာရှိ (နည်းပညာ) တို့သည် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းတွင်

မချမ်းဘော့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နေ့လည် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၌ အရှည်ပေ ၂၅၃၀ ရှိ ဒူဝါဇော်ရစ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော စီတာပူရပ်ကွက်အတွင်းရှိ ဒူဝါဇော်ရစ်လမ်းနိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ လမ်းသစ်၌ ကျင်းပပြုလုပ် ခဲ့ကြသည်။

ဗန်းမော်မြို့ မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဗန်းမော်မူလတန်းကြိုကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်