ဗန်းမော်မြို့တွင် ပိုးသတ်ဆေးဖျန်းခြင်း ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

ဗန်းမော် မတ် ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်း ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို မတ် ၂၀ ရက်မှစတင်၍ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပိုးသတ်ဆေးဖျန်းခြင်း ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်ရာတွင် တိရစ္ဆာန်များ ကူးစက်ရောဂါ အလွယ်တကူမကျရောက်စေရန်နှင့် ဇီဝလုံခြုံမှုမြှင့်တင်ရေးကို အဓိကထားဦးစားပေး၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဗန်းမော်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ဗန်းမော်မြို့၊ (၂ မိုင်) အောင်သာ ရပ်ကွက်၊ (၃ မိုင်) ရွှေပြည်သာ ရပ်ကွက်တို့ရှိ ဝက်မွေးမြူရေးခြံများတွင် ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါပိုးသတ်ဆေးဖျန်းခြင်း  လုပ်ငန်းကို မတ် ၂၀ ရက်မှ ၂၆ ရက်အထိ ရက်သတ္တပတ်ကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်