ကချင်ပြည်နယ်

ဝိုင်းမော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာစိုက်ထူခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ တာဝန်ရှိသူများ၊ “လပြည့်ဝန်း” လူမှုကူညီရေးအသင်းမှ အသင်းသား/သူများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီက ဝိုင်းမော်မြို့ ရပ်ကွက် (၁) ရှိ မြစ်ကြီးနား - ဗန်းမော်သွား ပြည်ထောင်စုလမ်းမကြီးနှင့် ဝိုင်းမော်-ကံပိုက်တည်သွားလမ်းဆုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ချီဖွေမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချီဖွေမြို့နယ်တွင် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက ချီဖွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မချမ်းဘော့၌ အသက်မွေးဝမ်းကျောင်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့နယ်တွင် ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့်တန်ဖိုး မြှင့်ထုတ်ကုန်များထုတ်လုပ်လာနိုင်ရန်နှင့်ကျေးလက်ဒေသလူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက နမ်ခမ်ကျေးရွာခန်းမ၌ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ “တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ကြိုးစားစို့” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဖီးနစ်(စ်)လူမှုရေးအသင်းတို့ ပူးပေါင်းကျင်းပသော World TB Day ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို “တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ကြိုးစားစို့” ဆောင်ပုဒ်ဖြင့်  မတ်လ(၂၄)ရက် နံနက်(၁၀)နာရီတွင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းများကို အပတ်စဥ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁နာရီက မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ်ကျောင်း သားလူငယ်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

ချီဖွေမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ပူတာအို)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက ကချင်ပြည်နယ် ပူတာအိုမြို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ကာမိုင်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ယနေ့နံနက် (၁၀)နာရီခန့်က ကာမိုင်းနည်းဗျူဟာ စစ်တပ်ကုန်းနှင့် လဌာနဆိုင်ရာရုံးများတွင် ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း (ဗန်းမော်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခန့်က ကျင်းပခဲ့ ကြောင်း သိရသည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၌ ဒူဝါဇော်လွန် လမ်းနှင့် ဒူဝါဆန်ထဆင် ကတ္တရာလမ်းသစ်များဖွင့်လှစ်

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော တပ်ကုန်းရပ်ကွက်အတွင်းရှိ ဒူဝါဇော်လွန်လမ်း အရှည် ၁၂၃၀ ပေ၊ အကျယ် ၁၄ ပေလမ်းနှင့် ဒူဝါဆန်ထဆင်လမ်း အရှည် ၃၄၀၀ ပေ၊ အကျယ် ၁၄ ပေရှိ ကတ္တရာလမ်းသစ်များကို ယနေ့နံနက် ၉ နာရီက အဆိုပါ လမ်းသစ်များ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်