မိုးမောက်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

မိုးမောက် မတ် ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က နယ်မြေခံတပ်ရင်းများနှင့် ဌာနဆိုင်ရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကို  ဦးလည်မသုန် ထမ်းရွက်ခဲ့ဆောင်းပါး (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာတပ်မတော်ပါ၊ (ဗိုလ်ချုပ်အောင်ဆန်း၁၃-၇-၁၉၄၇ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်) စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်၊ တပ်မတော်၏အား (၁၀)ပါး၊ ( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၂ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်)မှ အမျိုးသားနိုင်ငံရေး တာ၀န်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် စသည့် ဆောင်ပုဒ်များနှင့် (၂၃-၃-၂၀၂၂ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ)မှ ပြည်သူချစ်တဲ့တပ်မတော် ကဗျာပါရှိသော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်