ကာမိုင်း မတ် ၂၄
၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ယနေ့နံနက် (၁၀)နာရီခန့်က ကာမိုင်းနည်းဗျူဟာ စစ်တပ်ကုန်းနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာတပ်မတော်ပါ၊ ဗိုလ်ချုပ်အောင်ဆန်း (၁၃-၇-၁၉၄၇)ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ် ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဠ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် (၂၇-၃-၂၀၂၂) ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)မှ အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင်၊ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်စသည့် ဆောင်ပုဒ်များနှင့်(၂၃-၃-၂၀၂၂ ရက်နေ့ ထုတ်မြန်မာ့အလင်း သတင်းစာ)မှ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ ပါရှိသော လက်ကမ်းစာစောင်(၂၆၄)စောင်ကို မြို့ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးမှူးတာဝန်ခံ ဒေါ်ရွှေစင်ဦးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)