ချီဖွေမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ချီဖွေ  မတ်    ၂၆

၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချီဖွေမြို့နယ်တွင် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက ချီဖွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ရွက်ခဲ့သည့်အချက်အလက်များ၊ တပ်မတော်နေ့ ဦးတည်ချက်(၄)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်အချို့၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ် ချက်နှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ ပါဝင်ကြောင်းသိရှိရသည်။

ယော်ကိ