မြစ်ကြီးနားမြို့ Light For All Nations Ministry ကျောင်း၌ ကလေးသင်တန်းဆင်းပွဲအဖြစ် စာပေအသိပညာပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် Light For All Nations Ministry ကျောင်းရှိ သင်တန်းခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲက ကလေးသင်တန်းဆင်းပွဲအဖြစ် စာပေအသိ ပညာပေးဟောပြောပွဲကျင်းပရာ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေး ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။