ဖားကန့်မြို့နယ် နန့်စီးအင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

မိုးညှင်း မတ် ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာမိုင်းမြို့၊ နန့်စီးအင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးစွာတွေ့ဆုံဆွေးနွေးပွဲတွင် ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆိုင်းအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ၊ စီမံကိန်း၏ဝိသေသများ၊ စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ အတိုးနှုန်းနှင့်ကာလ သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအပြင် ကြွေးကျန်မဖြစ်ပေါ်စေရေးအတွက် ကျေးရွာကော်မတီဝင်များနှင့် အသင်းဝင်များမှ အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာကော်မတီဝင်များနှင့် အသင်းဝင်များက သိရှိလိုသည်များအား အသီးသီးမေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါနန့်စီးအင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၄၈) ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၇)ဦးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၃)ဦး စုစုပေါင်းအသင်းသားအသင်းသူ (၆၈) ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် (၅၈၃) သိန်းကိုး အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်း သိရသည်။

ရွှေမိုးညှင်း