ပူတာအိုခရိုင်၌ မြို့နယ်သုံးခု၌ ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပ၊ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြို့နယ်သုံးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့ နံနက်(၆)နာရီမှစတင်ကျင်းပရာ ကျမဲဆန္ဒရှင်ပြည်သူများစတင်မဲပေးနေကြပြီဖြစ်ကြောင်း သိရသည်။