ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တိုင်းရင်းကြက်သားဖောက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်းရှိ တောင်သူများအား ရင်းနှီးမတည် ပေးခြင်း၊ တွန်းအားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ရှိ တိုင်းရင်းကြက်သားဖောက်မွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။