မချမ်းဘော မတ် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် စာကြည့်တိုက်အသုံးချမှုပိုမိုမြှင့်တင်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ရှိနိမြှင့်တင်ရေး ကောက်ကျစ်စိတ်ထားတို့ဖယ်ရှား ထောင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီးနောက် နွေဦးအလှ ခေါင်းစဥ်ဖြင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ၁၅ ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံးပန်းချီများနှင့် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကို ရွေးချယ်ကာဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာသော စာဖတ်ပရိတ်သတ် ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသော ငလျင်ဘေူအန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)